ခေတ်ဝန် (၁၈)

ကြေးမုံသတင်းစာအယ်ဒီတာဘ၀နဲ့ မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တချို့ကို ဦးဝင်းတင်က ပြန်လည်တူးဖော်ခဲ့ပါတယ်။

 ဒဂုန်တာရာက အဲဒီအချိန်တုန်းက ဆောင်းပါးတွေဘာတွေ ရေးနေတယ်။ ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့ထဲမှာလည်း ဒဂုန်တာရာနဲ့ပတ်သက်ပြီးတော့ မကြေညက်တဲ့ လူတွေ၊ အယူအဆပိုင်းဆိုင်ရာတွေပေါ့ဗျာ ရှိတယ်။ ဆိုပါစို့ဗျာ၊ ဥပမာ စိန်ခင်မောင်ရီလိုပုဂ္ဂိုလ်မျိုးတွေက ဒဂုန်တာရာတို့ကို သိပ်ပြီးတော့ မလိုလားဘူးဗျ။ အဓိကအကြောင်းကတော့ သူတို့ စာရေးဆရာအသင်းက ဂယက်တွေဘာတွေ ဖြစ်မှာပေါ့ဗျာ။ စာရေးဆရာ အသင်းမှာလည်း သူတို့ အစုအဖွဲ့အလိုက် ရပ်တည်ချက်တွေ၊ သဘောထားတွေ၊ ကွဲလွဲမှုတွေကလည်း
အများကြီးရှိနေတာကိုး။ အဲဒီဂယက်တွေမှာ စာရေးဆရာတွေအပေါ်မှာတည်ပြီးတော့ ဟုတ်လား၊ ဒီပုဂ္ဂိုလ်ကတော့ တို့နဲ့မတည့်ဘူး၊ တို့နဲ့ အယူအဆမတူဘူး။ မတူလို့ မထည့်ချင်ဘူးဆိုတဲ့ သဘောထားတွေ ရှိမှာပေါ့ဗျာ။ ဒါပေမဲ့လို့ ဒဂုန်တာရာကလည်း ရေးတယ်ဗျာ။ အဲဒီတော့ ကျွန်တော်ကလည်း ထည့်တယ်ဗျ။ အဲဒီအချိန်က ဒဂုန်တာရာကို ကြိုက်တဲ့လူလည်း တော်တော်များများရှိတယ်။ အခုနေ ကြေးမုံသတင်းစာကို ပြန်လှန်ကြည့်ရင် အဲဒီ ၁၉၅၇/၅၈ စသည် ကာလတွေမှာ ဒဂုန်တာရာရေးတဲ့ ဆောင်းပါးတွေရဲ့ အရေးပါတဲ့ လက္ခဏာတွေ၊ သဘောထားတွေပေါ့ဗျာ၊ ဟုတ်လား ထူးခြားမှုတွေကို သွားတွေ့မှာပဲ။ မတွေ့လို့မရဘူး။ ဘာလို့လဲဆိုတော့ ထူးထူးခြားခြားကို ထူးခြားတဲ့ဆောင်းပါးတွေ ရေးတာကိုး။ ဆိုပါတော့ဗျာ ဆောင်းပါးတစ်ပုဒ် ဆိုလို့ရှိရင် “နာဆာအိပ်မပျော်သောည” နဲ့ တူတယ်ဗျ။ ဆိုပါတော့ဗျာ အရှေ့မှာ ၁၉၅၇ လောက်မှာ နာဆာဆိုတဲ့ဗိုလ်မှူးကြီးက ဘုရင်ကိုဖြုတ်ချပြီးတော့ အာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နာမည်ကျော်ကြားလာတာပေါ့ဗျာ။ အဲဒီတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၊ ၂၅ တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာကို ကိုင်ပြီးတော့ ဦးနေ၀င်းတို့ဘာတို့ဟုတ်လား ဗမာပြည်ရဲ့ နိုင်ငံရေးမှာ စိုးမိုးခဲ့သလိုပေါ့ဗျာ။ သူကလည်း အီဂျစ်မှာ အာရယ်ဆိုရှယ်လစ်ဇင်ဆိုပြီးတော့ ဆိုရှယ်လစ်ဝါဒနဲ့ ကိုင်စွဲပြီးတော့ တော်လှန်ရေးပေါ့ဗျာ။ အရှေ့အလယ်ပိုင်းဒေသမှာ လှုပ်ရှားတာပေါ့ဗျာ။ အဲဒီတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အိပ်မပျော်သော ညတစ်ည ပေါ့ဗျာ။ သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုင်းရေးပြည်ရေးတွေကို စဉ်းစားတဲ့အခါ အိပ်မပျော်ဘူး။ တပ်မတော်အကြောင်းတွေကို စဉ်းစားတဲ့အခါမှာ အိပ်မပျော်ဘူး။ နင်းပြားဘ၀ကိုရောက်နေတဲ့ အာရပ်လူမျိုးများရဲ့ နောင်ရေးကိုတွေးတဲ့အခါ အိပ်မပျော်ဘူး။ စတဲ့ ဒီလိုသဘောတွေကိုပြီး ဒဂုန်တာရာကရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ရှိတယ်ဗျ။ အဲဒါမျိုးကို စဉ်းစားတဲ့အခါကျတော့ တော်တော်ကိုအရေးပါပါလားလို့၊ ကျွန်တော်တို့တွက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့စိတ်ထဲမှာ ကျွန်တော်တို့က စစ်တပ်ကိုအမြဲတမ်း အဲဒီအချိန်ထဲက ရှင်းရှင်းပြောရရင် သံသယ၀င်နေပြီ။ ဒီစစ်တပ် တစ်နေ့တော့ အာဏာသိမ်းတော့မှာပဲ။ တစ်နေ့တော့ အာဏာသိမ်းတော့မှာပဲ ဆိုပြီးတော့ ၁၉၅၇/၅၈ ဆိုတဲ့ကာလတွေမှာ ကျွန်တော်က တထိတ်ထိတ်နဲ့ ရင်တမမဖြစ်နေပြီ၊ စိုးရိမ်နေပြီ၊ ကျွန်တော်တို့က သိနေပြီ။ မှန်းမိနေပြီပေါ့ဗျာနော်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဒဂုန်တာရာက အဲလိုဆောင်းပါးမျိုးတွေ ရေးတာဗျ။ အလားတူပဲ ထူးခြားတဲ့ဆောင်းပါးတွေကလည်း အများကြီးပါတယ်ပေါ့ဗျာ။ ဒါကတစ်ခုပေါ့ဗျာ ထူးခြားမှု။ နောက်တစ်ခုထူးခြားတာက ဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့သတင်းစာမှာ ကာတွန်းတွေ ထည့်တယ်ဗျ။ သိတဲ့အတိုင်းပဲ ကိုဖေသိန်းဆိုတာကတော့ ကလောင်ဟာ အလွန်ထက်နေတဲ့ အချိန်ပေါ့ဗျာ။ ဟုတ်လား အမျိုးစုံ ကလိနိုင်တယ်၊ ဝေဖန်နိုင်တယ်၊ ထောက်ပြနိုင်တယ်ဆိုတဲ့ အင်္ဂါရပ်ပေါင်းစုံ သူ့ရဲ့ကာတွန်းတွေမှာ တွေ့နေတဲ့ အချိန်အခါပေါ့ဗျာ။ အဲဒီလို ထူးခြားပြောင်မြောက်တဲ့ ကာတွန်းတွေကို ရေးနေတဲ့ ကာတွန်းဖေသိန်းကလည်း ကြေးမုံနီတိဆိုပြီးတော့ အခန်းကဏ္ဍတစ်ခုဖွင့်ပြီးတော့ ကြေးမုံမှာ ကာတွန်းတွေရေးနေတယ်။ အဲဒီလိုပဲ ကာတွန်းဆရာ၊ ကွယ်လွန်သွားပြီဗျာ၊ ဦးဘထွေးဆိုတဲ့လူကလည်း ကာတွန်းဘထွေးဆိုပြီးတော့ ကာတွန်းတွေ စရေးတယ်။ အလားတူပဲ ဥပမာဆိုပါတော့ အိမ်ရှင်မများရဲ့ဘ၀၊ ဒါကို သရုပ်ဖော်နိုင်တဲ့ ကြေးမုံခင်ဆိုတဲ့ ကာတွန်းအောင်ရှိန်ရေးတဲ့ ကာတွန်းတွေကလည်း ပါတယ်ဗျ။ အလားတူပဲ အခြားအခြားသော လူငယ်ကာတွန်းဆရာတွေကလည်း အဲဒီမှာ စပြီးတော့ ကြေးမုံမှာပဲ ၀င်ထွက်နေပြီ။ အဲဒီလို ကြေးမုံကိုကြည့်လိုက်ရင် အဖက်ဖက်ကနေပြီးတော့ ဒီလိုဟာမျိုးတွေက ပါနေတယ်။

ကြေးမုံကိုလူကြိုက်များရတဲ့ အချက်တွေထဲမှာ အထူးဆောင်းပါးတွေ ထည့်သွင်းဖော်ပြတာလည်း ပါဝင်တယ်လို့  ဦးဝင်းတင်က ကောက်ချက်ချပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က သိပ္ပံပညာတွေကို သွတ်သွင်းလာတယ်ဗျာ။ အဲဒီထဲမှာ ပြောရဦးမယ်၊ ဥပမာဆိုပါတော့၊ သိပ္ပံပညာနဲ့ပတ်သက်တာဆိုလို့ရှိရင် ကျွန်တော်တို့က ကြေးမုံသတင်းစာကို ဘယ်လိုသဘောထားလဲဆိုတော့ တို့သတင်းစာဟာ ဟုတ်လား၊ ရိုးရိုးထွက်လာတာမဟုတ်ဘူး။ ရုရှားကနေပြီးတော့ ၁၉၅၇ ခုနှစ်လောက်မှာနော် ဒီဧပြီလလောက်မှာ  Sputnik ဆိုတဲ့ ဂြိုဟ်တုကြီးကို စပြီးတော့ အာကာသကိုတင်တယ်။ ဒါ ပထမဆုံးအကြိမ် အာကသထဲကို လူလုပ်တဲ့ယာဉ်တစ်မျိုးပေါ့ဗျာ ဒါ အာကာသပတ်လမ်းထဲကိုရောက်တာ လူ့သမိုင်းမှာဒါ အရေးအကြီးဆုံး ပြောင်းလဲမှုကြီးပဲ။ အဲဒါနဲ့အတူ ကျွန်တော်တို့ ကြေးမုံကလည်း ထွက်လာတာဗျ။ နောက်ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ကိုသောင်းရဲ့ အမျှော်အမြင်လို့ပဲ ပြောရမယ်ထင်တယ်၊ ဒီဂြိုဟ်တုတွေဘာတွေ ရုရှားက မပစ်ခင်မှာကို ကျွန်တော်တို့ ကြေးမုံရဲ့ ကြော်ငြာချက်က....။

0 comments:

Post a Comment